သတင်းပေးဖော်ထုတ်ခြင်း (ခရာမှုတ်ခြင်း)

သတင်းပေးဖော်ထုတ်ခြင်းဆိုသည်မှာ မလျော်ကန်သော အပြုအမူ၊ ဆိုးရွားနိမ့်ကျသည့် (သို့) လက်ခံနိုင်ဖွယ်မရှိသောအမူအကျင့်များ၊ ပုံမှန်မဟုတ်ခြင်းများ၊ အဖွဲ့အစည်းအတွင်း အကျင့်ပျက်ခြစားမှုများ (သို့) လိမ်လည်မှုများနှင့် သက်ဆိုင်သည့် စိုးရိမ်ပူပန်မှုများအား သက်ဆိုင်ရာ ဝန်ထမ်းများနှင့် မိတ်ဖက်များ မှ လက်တုံ့ပြန် ခံရမည်ကို စိုးရိမ်ပူပန်မှုရှိစရာမလိုဘဲ ရှင်းလင်းပြီးလုံခြုံစိတ်ချရသည့် လမ်းကြောင်းမှ တဆင့် အသိပေးဖော်ထုတ်ခြင်းဖြစ်ပါသည်။ NIS ဖောင်ဒေးရှင်းသည် အဆင့်အတန်းမြင့်သည့် ရိုးသားဖြောင့်မတ် မှုကို ထိန်းသိမ်းရန် ကတိကဝတ် ပြုလျက် သတင်းပေး ဖော်ထုတ် နိုင်မည့် တရားဝင်လမ်းကြောင်း (၂) ခု တည်ဆောက်ထားပါသည်။ ဤလမ်းကြောင်း (၂) ခုသည် NIS ဝန်ထမ်းများ နှင့် မိတ်ဖက်များ အနေဖြင့် စိုးရိမ် မကင်းဖြစ်စရာ ကိစ္စများရှိပါက ထုတ်ဖော် ပြောကြားနိုင်ရန် အတွက် လျင်မြန် ရိုးရှင်းပြီး၊ အကယ်၍ သတင်းပေးသူ အနေဖြင့် အမည်မဖော်လိုပါက လျှို့ဝှက် သတင်းပေးနိုင်သည့် လမ်းကြောင်းများပေးအပ် ထားပါသည်။ ဤသို့ဖြင့် NIS မူဝါဒများနှင့် ဆန့်ကျင်နေသည့် မသင့်လျော်သော လုပ်ဆောင်မှုများ (သို့) အပြုအမူ များအား တားဆီးနိုင်ရန် နှင့် တုံ့ပြန်နိုင်ရန် အတွက် အသုံးပြုနိုင်မည့် လမ်းကြောင်းများအား အဖွဲ့ အစည်း စနစ်အတွင်း မရှိမဖြစ် လိုအပ်သည့် အစိတ်အပိုင်းများ အဖြစ် ထည့်သွင်း ထားပါသည်။ ဤလမ်း ကြောင်း မှတဆင့်ပေးပို့သည့် သတင်းအချက်အလက်များကို လက်ခံရရှိမည့်သူများမှာ NIS ၏ အကြီးအကဲ များ ဖြစ်ကြသည့် Eric Sevrin နှင့် Christopher Eads တို့သာလျှင်ဖြစ်ပါမည်။

သင့်အနေဖြင့် အောက်ဖော်ပြပါ သတင်းပေးဖော်ထုတ်နိုင်မည့် လမ်းကြောင်းများမှတဆင့် သတင်းပေးနိုင်မည် ဖြစ်ပါသည်။

၁။ သင်အသိပေးလိုသည့် အကြောင်းအရာ အသေးစိတ်အား အောက်ဖော်ြပပါ ပုံစံတွင် ရေးသွင့်ပြီး လျှို့ဝှက် ပေးပို့နိုင် ပါသည်။ အကယ်၍ သင်၏အမည် (သို့) အီးမေးလ် လိပ်စာ အား မဖော်ြပလိုဟု ရွေးချယ်လျှင် သင်၏ အမည် မဖော် လိုမှုအား ထိန်းသိမ်း လျှို့ဝှက် ပေးထားမည် ဖြစ်ကြောင်း တာဝန်ယူပါသည်။

၂။ သင်အသိပေးလိုသည့် အကြောင်းအရာများအား စာတိုက်မှတဆင့် ပေးပို့လိုပါက စာအိတ်ပေါ်တွင် “ကိုယ်ရေး ကိုယ်တာ ကိစ္စ၊ လျှို့ဝှက်” ဟုရေးသားပြီး −

Eric Sevrin/ Christopher Eads,

NIS Senior Partner

PO Box 9025 Gronland

0133 Oslo,

NORWAY သို့လိပ်မူ၍ ပေးပို့နိုင်ပါသည်။



    ဤသတင်းပေးဖော်ထုတ်ခြင်း ပုံစံအား ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်ထိန်းသိမ်းမှု မူဝါဒ အတိုင်း စီမံ ဆောင်ရွက် ပါမည်။